Sunday, January 24, 2010

တော်လှန်သင့်ရင် တော်လှန်ပါ

---------- Forwarded message တစ်ခုရတယ် စိတ်ဝင်စားတာနဲ့ ပြန်တင်ပေးလိုက်တာ----------

တော်လှန်သင့်ရင် တော်လှန်ပါ
ဦးဇင်း တစ်ပါးအနေနဲ့ မရေးသင့်ဘူး...။

ဒါပေမယ့်- သာသနာကို ရန်သူများရဲ့ ညစ်ပတ်ထံမှ ကာကွယ်ရမယ်ဆိုတာ- ဘုရားသားတော် ဦးဇင်းတို့မှာ လည်း တာဝန်မကင်းဘူး ဖြစ်နေတယ်။Justify Full

လွန်ခဲ့အပါတ်ကပဲ ကိုရင်မိုးဆိုတဲ့ ဒကာ ဦးဇင်းဆီကို ရောက်လာတယ်။ ခရစ်ယာန် ဒကာများရဲ့ လုပ်ရပ်တွေကို ရှင်းပြတယ်။ ဦးဇင်းက ဘုန်းကြီးဆိုတော့ ရှေ့နောက် ဆင်ခြင်ရတယ်။ ကိုရင်မိုးဆိုတဲ့ ဒကာကလည်း ခရစ်ယာန် ဒကာတွေဟာ- ဗုဒ္ဓဘာသာအမည်ကိုအလွဲသုံးစားလုပ်ပြီး မူဆလင်တွေကို စော်ကားဘို့- http://www.anti786.blogspot.com/
http://www.antiallah.blogspot.com/
http://myanmartruthers.blogspot.com/
http://linshaallah.blogspot.com/
http://islamsucks.wordpress.com/ တို့၊
မူဆလင် ဆန်ကျင်ရေး အသင်းတော် တို့ ၀က် ဆိုက်တွေဖွင့် ဗုဒ္ဓဘာသာ အမည်နဲ့ ရေးနေတယ် ဆိုတဲ့ အထောက်အထားတွေ ဦးဇင်းကို ပေးတယ်။ ဒါတွေ ကို မသိဘဲ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က ထပ်ဆင့် ဖြန့်နေတာမျိုး ရှိနေတယ်၊ ဦးဇင်းဆီကိုတောင် ကိုယ်တော်တစ်ပါးက ဖေါ်ဝါ့ဒ် လုပ်ပေးလိုက်လို့ ဖတ်မိသေးတယ်။ သူတို့အရေးအသားက ဗုဒ္ဓဘာသာဝင် တွေရဲ့အရေးအသားမဟုတ်ဘူးဆိုတာတွေ့တယ်။

ခရစ်ယာန် ဒကာများနဲ့ မူဆလင် ဒကာများ အချင်းချင်း ဖြစ်ကြရာမှာ ဦးဇင်းတို့ ဗုဒ္ဓဘာသာ အမည်ကို သုံးစွဲတာ တော့- ဦးဇင်းလည်း စိတ် ဘယ်ကောင်းပါ့မလဲ။ တော်ကြာ ဗုဒ္ဓဘာသာက မေတ္တမဲ့တဲ့ ဘာသာ ဖြစ်နေဦးမယ်။

ကိုယ်ရင်မိုး ဆိုတဲ့ ဒကာက ခရစ်ယာန်တို့ရဲ့ လုပ်ရပ်များကို ဗုဒ္ဓဘာသာဝင်များသိရအောင် ဖေါ်ရေးတော့- (သူတို့က သူတို့ အထဲမှာ ရှိနေတဲ့ ကိုရင် မိုးကိုဘယ်သူမှန်း မသိဘဲ) ဗုဒ္ဓဘာသာဝင်များ အတွက် စေတမန် http://messengerforbuddhist.blogspot.com/ ဆိုပြီး မူဆလင် အမည်ခံနဲ့ ချက်ချင်း ဆိုက်ဖွင့်ပြီး- ဗုဒ္ဓဘာသာ တွေကိုသာ မက၊ ဘုရားရှင်ကိုပါ စော်ကားမော်ကား ရေးလေတော့တယ်။ သူတို့ဟာ သူများအမည်ခံနဲ့ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေးတွေ ရေးနေပေမဲ့လည်း သူတို့အရေးအသားက ဘယ်ဘာသာလည်းဆိုတာသက်သေပြနေပါတယ်။ အဲ့ဒီလူတွေက ဘယ်သူတွေ ဖြစ် တယ်။ ဘယ်မှာနေတယ်- ဘယ်အသင်းတော်ရဲ့ တပည့်သားမြေးတွေ ဖြစ်တယ် ဆိုတာကိုပါ၊ ကိုရင်မိုးက ဦးဇင်း ကို ပြောလာပြန်တယ်။ ဦးဇင်းလည်း နေရထိုင်ရတော့ ဘေးအကြပ်သားပဲ။ ဒါနဲ့ ဒီစာလေးကို ရေးဖြစ်တာပါ။

ဦးဇင်းတို့က စာနဲ့ ပေနဲ့ ရင်းနှီးသူတွေပါ။ ဘယ်စာက ဘယ်သူရေးတယ်- ဆိုတာကို သိနေပါတယ်။ ဒါပေမယ့် ဘုန်းကြီးဆိုတာ နေရာတိုင်း ၀င်ပါလို့ မကောင်းဘူးလေ။ ကိုရင်မိုးကိုလည်း ဦးဇင်းပြောပါတယ်- အမှန်အတိုင်း ဖြစ်ပါစေ-၊ သူတစ်ပါး နစ်နာအောင်တော့ မလုပ်နဲ့လို့။ ကိုရင်မိုး ရေးသားတာတွေမှာ အမည်ကို ဖေါ်မပြဘို့လည်း ဦးဇင်းကပဲ ပြောခဲ့တယ်လေ- နို့ မကောင်းဘူး မဟုတ်လား။ တော်ကြာ မဆိုင်တဲ့ ဒကာတွေ နစ်နာနေပါဦးမယ်။ သူတစ်ပါး ဘာသာတစ်ခုကိုလည်း မဟုတ်မတရား မစွပ်စွဲနဲ့ ရှောင်ပါလို့ ပြောခဲ့တယ်။ ဒကာရေးတာတွေမှာ အတတ်နိုင်ဆုံး ရှောင်ထားတာကို တွေ့ရတယ်။

တဘက်က ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ကို ရေးနေတဲ့ ခရစ်ယာန်ဒကာတွေကလည်း ကိုယ်ယုံကြည်ရာ ကို ကိုယ်ရေးပါ။ ဒါပေမယ့်- အမှန်အတိုင်းတော့ ဖြစ်ပါစေပေါ့။ မိမိကိုယ် မိမိ ခရစ်ယာန် ဖြစ်တယ်ဆိုတာကို လည်း ဖေါ်ရေးလေ-၊ တော်ကြာ စာဖတ်သူတွေက ထင်ယောင်ထင်မှားနဲ့ ဖြစ်ပြီး- မလိုလားအပ်တာတွေ ဖြစ်ကုန် ရင် မကောင်းဘူး-။ ကိုယ့်သာသနာဘဲအကောင်းဆုံးထင်မှတ်နေရင် သူများဘာသာအမည်ခံပြီးရေးစရာလည်းမလိုပါဘူး။ ကိုရင်မိုးပေးတဲ့ အထောက်အထားတွေအရ ဒကာတို့က ဘယ်မှာနေတယ်- အမည်က ဘယ်လို၊ အကုန်သိနေပါတယ်။ ဦးဇင်းအနေနဲ့ ရန်ကိုမလို ရန်ကိုသာ ပြိုစေလိုပါတယ်။ ဒကာတို့ ထိုင်းနဲ့-၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီယား၊ ဒိန်း မတ်နဲ့ အဆက်အသွယ်ရှိတာကိုလည်း သိနေတယ်လေ- တော်ကြာ မကောင်းဘူးပေါ့။ မလေးရှားရောက် မြန်မာ ပြည်သား ခရစ်ယာန် ဒကာတွေလည်း မှန်ကန်မှု ရှိစေချင်တယ်။

အမှန်ကို သိရင် အမှန်ကို ပြင်ကြပေါ့။ ဦးဇင်းတို့က ဘယ်ဘာသာကိုမှ မကန့်ကွက်ဘူး၊ ရိုးသားဖြောင့်မတ်စွာ သာသနာပြုကြပေါ့။ ငွေကြေးပေါ်လစီ၊ နိုင်ငံရေး ပေါ်လစီ၊ ဘာသာမတူသူချင်း ရန်တိုက်ပေးတဲ့ ပေါ်လစီတွေနဲ့ သာသနာမပြုနဲ့ပေါ့။ မြန်မာပြည်သားတွေ ခမြာ- အခုတောင် ဆင်းရဲမွဲတေနေရတာ၊ တော်ကြာ မလိုလားအပ်တဲ့ ရန်လိုမှုတွေ၊ ရန်ပွားမှုတွေ၊ အငြိုးအာဃာသတွေ ဒကာတို့ကြောင့် မဖြစ်စေနဲ့ပေါ့- ဟုတ်လား။

မြန်မာပြည်ကို မင်းမကောင်းတုံး- ကြားက၀င်ထောင်းတာမျိုးတော့၊ ဦးဇင်းလည်း သဘောမကျဘူး။ ဦးဇင်းက တော့ ကုလားမကောင်း ကုလားပဲ။ ဗမာမကောင်း ဗမာပဲ- မျက်နှာလိုက်တဲ့ အထဲမှာ မပါဘူး- ဒကာတို့ရေ။

အခုဒကာတို့ လုပ်ပုံက- ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကို ပရိပက္ခဖြစ်အောင် နည်းဗျုဟာအမျိုးမျိုးသုံးပြီးရန်တိုက်နေတယ်။ ဘာမဆိုင်၊ ညာမဆိုင် နဂိုကမှ သိမ်ငယ်နေရတဲ့ မြန်မာပြည်က မူဆလင်တွေကို အ ထင်လွဲခံရအောင် တမင်ဖန်တီးတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓမြတ်စွာကို စော်ကားပုတ်ခတ်နေတယ်- တစ်ဖန် ဗုဒ္ဓဘာသာကျမ်းဂန်များကို စော်ကားနေတဲ့
http://all4myanmar.wordpress.com/
http://ashinnanda.blog.com/ နဲ့
http://ashinnanda.blogspot.com/
ဘလော့ဂ်တွေလုပ်တယ်။ ဒီ- အလုပ်က ကောင်းတယ် ထင်မှတ်နေဘို့ မသင့်ဘူး။

တစ်ပါတည်း ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတွေကိုလည်း ပြောချင်တယ်။ သူ့အကုသိုလ်နဲ့ သူ သွားလိမ့် မယ်လို့ချည်း- သာသနာကို ဥပက္ခာပြုမထားသင့်ဘူး။

တစ်ခါက- မြတ်ဗုဒ္ဓသတင်းသုံးရာ ဇေတ၀န်ကျောင်းတော် အနားမှာ တိတ္ထိရဟန်းတို့ (သာသနာပ ရဟန်းတို့) သူတို့ရဲ့ ကျောင်းလာဆောက်တယ်။ တိတ္ထိတွေက ဇေတ၀န်ကျောင်းတော် နေရာဟာ ရေခံမြေခံကောင်းလို့ မြတ်ဗုဒ္ဓဒေသနာ ထွန်းကားတယ်ပေါ့။ အဲ့ဒီလို ရေခံမြေခံကောင်းတဲ့ နေရာကို သူတို့စိတ်ထဲမှာ လိုချင်လာတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ သတင်းသုံးတော်မူရာ အရပ်ဒိသာကို ၀င်လုချင်တဲ့ သဘော။ ဒီလို တိတ္ထိကျောင်းဆောက် ဘို့- ကောသမင်းဆီမှာ လာ့ဘ်ထိုးထားတယ်။

ဗုဒ္ဓမြတ်စွာက ဒီလို မဖြစ်သင့်ကြောင်း တပည့်ရဟန်းတွေကို စေလွှတ်ပြီး ကောသမင်းကို သွားပြောခိုင်းတော့ လာ့ဘ်ယူထားတဲ့ ကောသလမင်းက အတွေ့မခံဘဲ ရှောင်နေခဲ့တယ်။ နောက်ဆုံး ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကောသလမင်းဆီကိုသွားတော့- ရှောင်လို့ မရတော့ဘူးပေါ့။ ဒီတော့မှ ကောသလမင်းက တိတ္ထိတွေကို ဇေတ၀န် ကျောင်းတော်နားမှာ ကျောင်းမဆောက်ဘို့ တားမြစ်ပေးလိုက်ပါတယ်။-- ဆိုလိုတာက၊ တိတ္ထိတွေဟာ မင်းတွေကို လာ့ဘ်ထိုးမယ်။ ငွေကြေးအင်အားနဲ့ ဗုဒ္ဓသာသနာကို စော်ကားမယ်ဆိုရင်- ဗုဒ္ဓမြတ်စွာကတောင် စံပြအနေနဲ့ တော်လှန်ပြခဲ့တယ်- ဆိုတာပဲ--။ ဒါ ပါဠိတော်မှာ အထင်အခြား ရှိနေတယ်လေ။

အခု ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမများကလည်း မသမာတဲ့နည်းနဲ့ အခြားသာသနာ တစ်ခုကို ဗုဒ္ဓဘာသာ အကြားထူထောင်လာမယ် ဆိုရင် တော်လှန်ရမှာ တာဝန် တစ်ရပ် ဖြစ်တယ်ဆိုတာ မမေ့ကြနဲ့ပေါ့။

ဦးဇင်းတို့ ဘက်က ဘယ်သူ့ကိုမှ မေတ္တာမပျက်ဘို့- မကောင်းသူတွေရဲ့ မသမာတဲ့နည်းလမ်းတွေကိုသာ တော်လှန်ဘို့တော့ လိုအပ်တယ်။

အခု-ဦးဇင်းပြောလိုတာက-

(၁) ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ဆိုတဲ့ ဆိုက်ကို ရေးသူခရစ်ယာန်များကို တော်လှန်ပါ။ သူတို့အထဲက လူကောင်း ခရစ်ယာန်ဒကာတွေကိုလည်း ဒီလို ဆက်မလုပ်ဘို့ တားမြစ်ပေးပါလို့ ပြောပါ။

(၂) ဗုဒ္ဓဘာသာကို အမည် အလွဲသုံးစား လုပ်ပြီး အခြားဘာသာတွေကို မစော်ကားဘို့ကိုလည်း ခရစ်ယာန်များ ကို တော်လှန်ပါ။ ကိုယ်လုပ်ရင် ကိုယ့်နာမည်ကို ခံပါ၊ ယောက်ျားတွေပဲ ရဲရဲပေါ့။

(၃) မင်းမကောင်း- ရောထောင်း ဗျူဟာများကို စွန့်ပစ်ဘို့ ခရစ်ယာန်တွေကို တော်လှန်ပါ။ လူကောင်း ခရစ် ယာန် အဲ့ဒီလို တော်လှန်ဘို့ အတွက် လူကောင်း ခရစ်ယာန် ဒကာများနဲ့ ပူးပေါင်းပါ။

ဒီလိုမှ ခရစ်ယာန်များ ဘက်က မပြုပြင်ဘူး ဆိုရင်- မကောင်းတဲ့ အကုသိုလ်တွေ သူတို့ အပေါ်မှာ သင့်လာ ပါလိမ့်မယ်။ ဦးဇင်းလည်း စိတ်မကောင်းဘူး။

မေတ္တာစေတနာများဖြင့်

ဦးပညာဝံသ (ရွှေဝါရောင်)
ခေတ္တထိုင်းနိုင်ငံ

(ဦးဇင်းလည်း- ကိုရင်မိုးကိုတော့ သူတို့အထဲမှာ မနေနဲ့တော့လို့ ဆုံးမထားပါတယ်။- အကုသိုလ်သင့်ရင် ရောပါ သွားမှာ စိုးလို့ပါ)။

Ref: http://samadihti.blogspot.com
www.samadihti.co.cc


Photobucket

Sunday, November 15, 2009

လာဘ်ပေးလာဘ်ယူတို့ ရန်သူ

ရှေးသရောအခါ ဘုရင်တစ်ပါးသည် အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူကြီးစွာ
ပေးလိုသည့်အတွက် မင်းများကိုဖိတ်ကြား၏။ စားပွဲ သဘင်တည်ခင်းကြွေးမွေးရန်ဟင်းအမျိုးမျိုးကို
စီမံခန့် ခွဲ ၏။ ဟင်းလျှာ
အမျိုးမျိုးရရှိသောလည်း ထိုနေ့ တွင် မိုးသက်လေပြင်းကျရောက်သောကြောင့် တံငါသည်များ ငါးမရနိုင် ငါးဟင်း
တမည်လိုနေ၏။
ငါးဟင်းလိုသဖြင့် စိတ်မသာမယာရှိနေစဉ် ခပ်လှမ်းလှမ်းမှ ငါးကိုထမ်းပြီးဝင်လာသောတံငါသည်တစ်ယောက်ကို
ဘုရင်သည်မြင်တော်မူ၏ ။ ဘုရင်လည်း ဝမ်းမြောက်တော်မူသဖြင့် မင်းချင်းတစ်ယောက်ကို စေပြီး တံငါသည်ကို
ရှေ့ တော်သို့ အမြန်ဝင်စေ၏ ။ ရှေ့ တော်၌ တံငါသည်ခစားမိသောအခါ ဘုရင်က အချင်းတံငါသည် တော်ပေစွ ။
ငါ၏စားပွဲတော်၌အမဲမျိုးစုံပါလျှက်တစ်မည်လိုနေသည်။ ငါ့အလိုကိုဖြည့်သောသင်သည် ငါးအဖိုး ကို လိုသလောက်
တောင်းလော့ဟု မိန်တော်မူ၏ ။ တံငါသည်လည်း အရှင်မင်းကြီး ကျွန်တော်မျိုးသည် ဤငါးဖိုးအဖြစ် ရွှေငွေဥစ္စာ
ကျေးရွာတို့ ကိုမလိုပါ ။ ကျွန်တော်မျိုး၏ ကျောပြင်ကို ကြိမ်ဒါဏ်အချက်ငါးဆယ်သာ ပေးတော်မူပါဟု ရဲ့ ဝံစွာ လျှောက်ထား၏ ။ ဘုရင်လည်း အချင်းတံငါသည် ပြင်၍တင်လျှောက်ဦးလော့ဟုမိန့် တော်မူ၏ ။ တံငါသည်လည်း သုံးကြိမ်စေ့အောင် တင်လျှောက်သဖြင့် ဘုရင်သည်များစွာအံ့သြလျှက်တံငါသည်အား ကြိမ်ဒါဏ်အချက်ငါးဆယ် ကိုညင်သာစွာရိုက်၍ ငါးဖိုးပေးစေဟု အမိန်ချတော်မူ၏ ။ မင်းချင်းတို့ လည်း မကြုံစဖူး ဤလူထူးကို ရူးသည်ဟု ဆိုရမည်လည်း အခက် ငါးဖိုး အတွက်ကြိဒဏ်အချက်ငါးဆယ်ကို တောင်းသဖြင့် လူကောင်းဟုလည်းမဆိုသာဟု အချင်းချင်းပြောဆိုရယ်မောကြလျှက်တံငါသည်ကိုညင်သာစွာရိုက်ကြလေ၏ ။ နှစ်ဆယ်ငါးချက်ပြည့်သောအခါ တံငါသည်က ရပ်ပါဦး ရပ်ပါဦး ။ ကျွန်တော်၌ ကုန်ဖက်တစ်ယောက်ရှိပါသေးသည် ။ ငါးဖိုး၏တစ်ဝက်ကို ကျွန် တော်၏ကုန်ဖက်လည်းဆိုင်သောကြောင့် ကြွင်းသော အချက်အစိတ်ကို ထိုသူအားပေးပါလော့ဟုဆို၏ ။
ထိုစကားကိုကြားလျှင် မင်းချင်းတို့ လည်းမဖွယ်မရာ ဤကမ္ဘာ၌ သင်ကဲ့သို့ မိုက်သောသူကာ တစ်ယောက်သာရှိ လိမ့်မည်ဟု အံသြရယ်မော့ကြလျှက် ထိုအကြောင်းကို မင်းကြီးအားတင်လျှောက်ကြလေ၏ ။
မင်းကြီးလည်း အချင်းတံငါသည် သင့်မှာကုန်ဖက်ပင် ရှိချေသေးသည်တကား။ သင်၏ကုန်ဖက်ကား အသူနည်း ။ ဘယ်ကဲ့သို့ ဖက်စပ်ခဲ့ကြသနည်း ။ မခြွင်းမချန် ငါ့အားတင်လျှောက်လော့ဟုမိန်ဆို၏ ။ ထိုအခါတံငါသည်က အရှင်မင်းကြီး အရှင်မင်း ကြီးရဲ့ စားပွဲတော်၌အမဲမျိုးစုံပါလျှက်ငါးတစ်မည်လိုနေသဖြင့်ထိုးငါးကိုကိုယ်တိုင်ဝင် ရောက်ဆက်သလိုသောကြောင့်တံခါးမူးထံ အကြိမ်ကြိမ်အခွင်တောင်းရာ တံခါးမူးက ကျွန်တော်မျိုးသည် ငါးဖိုး အတွက်ခုလာဘ်များစွာရမည်ဖြစ်၍ ငါးဖိုး၏ထက်ဝက်ကိုသူ့ အားပေးမည်ဟုကတိထားမှခွင့်ပြုမည်ဆို၍ ကျွန် တော်မျိုးကတိထားခဲ့ပါသည် ။ ထို့ ကြောင့်ကြွင်းသောကြိမ်ဒဏ်အစိတ်ကို အမြန်ခွဲဝေပေးသနားတော်မူပါဟု တင်လျှောက်လေ၏ ။ ထိုသို့ တံငါသည်က အကြောင်းအရာအလုံးစုံကို အကုန်အစင်း တင်လျှောက်သောအခါ မှတံငါသည်၏အကြံဥာဏ်စိတ်ကူးကို မင်းမူးမတ်ပရိတ်သတ်တို့ သိကြသဖြင့်တံငါသည်ကိုများစွာ အံ့သြချီးမွမ်း ကြလေလေ၏ ။ ထိုအခါ မင်းကြီးက အချင်းတို့ တံငါသည်လူထူး၏ ကုန်ဖက်ငါ၏တံငါးမှူးအား ငါးဖိုး ၏ထက်ဝက် ဖြစ်သောပြင်းထန်သည့်ကြိမ်ဒဏ်အချက်အစိတ်ကိုပေးကြပြီးနောက်ရာထူးမှချလေဟုအမိန်တော်မှတ်၏ ။ ဤတံငါသည်ကား ငါ၏တံငါးမှူးလာဘ်စားသည်ကိုရွေနားတော်ပေါက်ကြားအောင် ကြံဖန်လျှက်ရဲ ရင့်စွာ တင် လျှောက်ဝံ့ပေသည်။ မင်းမူ့ ထမ်းစေရသော်ကောင်၏ဟု ကြံ၍တံငါသည်ကိုထိုသူ၏နေရာ၌တံခါးမူးအဖြစ်ခန့်  တော်မူလေ၏ ။ စတုတ္ထတန်းစာအုပ်မှပြန်လည်ဖော်ပြသည်

Sunday, June 22, 2008

No Select No Copy

ကဲစကြမယ်ဗျို့  ကို့ ရဲ့ ဘလော့မှ တစ်စုံး တခုခုကိုလုံးဝ Select ပေးလို့ မရအောင် Copy လုံးဝလုပ်မရအောင်
လုပ်ကြရအောင် တစ်ချို့ ဘလော့တွေမှာတော့လုပ်ထားတာတွေဘူးပါတယ် ညာဘာက် ကလစ်မရတာတွေ ဒါ
လေးကနည်းနည်းပိုထူးစမ်းနေလားလို့ ပါ အဲ့ဒါကြောင့်တင်ပေးလိုက်တာ "Template --> Edit HTML"သွားပြီး
ရင် ဟော့ဒါလေးကိုရှာ< body >တွေ့ ပြီလား တွေပြီဆိုဒါလေးထဲ့လိုက်
ထဲ့ရမှာက စောစောကရှာထားတဲ့ ကုဒ်လေးကို Sletect ပေးပြီး replace ပြန်လုပ်ပေးရမှာပါ။ ဒါတွေကတော့မလို
အပ်ဘူးလို့ ထင်ပါတယ် ဘာလို့ လဲဆိုတော့တချို့ စာဖတ်သမားတွေကကြိုက်ရင် ယူကြတယ် ကျွန်တော်ကအစ
ကြိုက်ရင်ယူလိုက်ကော :P
Photobucket

Yan Aung: မြန်မာဘလော့ဂ်တွေကို တစ်နေရာတည်းမှာ ဖတ်နိုင်ဖို့....

Yan Aung: မြန်မာဘလော့ဂ်တွေကို တစ်နေရာတည်းမှာ ဖတ်နိုင်ဖို့....

နမူနာပြမည်

အတည်ရေးမည်

Photobucket

Saturday, June 21, 2008

ဘလောဂ်ထဲမှ ဂျီတော့လေး


နည်းပညာနဲ့ ပတ်သက်ပြီး မရေးချင်ဘူးဗျာ တစ်ခါမှလဲ မရေးဘူးဖူး ကဲခုတော့ မဖြစ်မနေရေး
တော့မယ်ဗျို့  ပျင်းတယ်ဗျာ ကိုကျော်ဝင်နိုင်ရ အကို အတင်းရေးခိုင်းလို့ သာ ရေးတော့မှာ
ကဲစပြီဗျို့  သိပြီးသားလူတွေအတွက်တော့ဟုတ်ဝူးနော် မသိသေးတဲ့လူတွေအတွက်လာမှာဂျ

ကျွန်တော့ဘလော့ရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ ဂျီတော့ဆိုပြီး ညီအကို မောင်နှမတွေ တွေ့ ကြမှာ
ပါ အဲ့ဒါကို ဘယ်လိုလုပ်ရလဲဆိုတာ မသိသေးတဲ့လူတွေအတွက် ပြောပြပေးပါ့မယ် ကဲစကြမယ်
ဗျို့  ဒီလိုဗျ ပထမဦးဆုံးလုပ်ရမှာက :P ဂျီတော့ရှိရမှာပေါ့ အဲ့လိုရှိပြီးသားဆိုရင်တော့ ဒီမှာပေး
မယ် ရော ကုဒ်ယူ Photobucket
ဆိုဒ်တွေကတော့ ကျွန်တော့
ထဲထားသလိုပဲအတူတူပဲပေါ့။ အဲ့ဒိကုဒ်တွေကိုယူပြီးရင် ဘလော့က Layout ကိုသွား Page Elements
ကိုသွား အဲ့ရောက်ရင်တော့ Add a Page Elements ကိုဖွင့်ပြီး HTML/JavaScript ဖွင့်ယူပြီး စော
စောက ကျွန်တော်ပေးထားတဲ့ကုဒ်ကိုထဲ့လိုက်ဆေ့လိုက်ရင်ပြီးရောပေါ့ အရမ်းလွယ်တာ။ ဒါပေမဲ့
လုပ်ရမှာက ဆိုင်းအင်လုပ်တဲ့အချိန်မှာ နည်းနည်းကြောင်တတ်ပါတယ် ဘာလို့ လဲဆိုတော့ ဆိုင်းအင်
လုပ်လိုက်တာနဲ့ သူဝင်သွားပြီဆိုရင် ဂျီတော့ကြီးပဲ တရွက်လုံးအပြည့်ပေါ်သွားတတ်တယ် အဲ့ဒါ
ရင်နောက်ကိုပြန်ဆုတ်ပြီး အသုံးပြုလို့ ရပါပြီ။အခက်ခဲများရှိရင် မေးနိုင်ပါတယ် တတ်နိုင်သမျှပြော
ပြပေးပါမယ်ခင်ဗျ ။ကျွန်တော်လုပ်ထားတာက ဥပမာကျွန်တော်တို့ တွေ ကျောင်းပဲသွားသွား
ရုံးပဲသွားသွား ဂျီတော့မရှိတဲ့ စက်နေသုံးနိုင်ပါတယ် တကယ်တော့ဂျီတော့က ဂျီတော့ပါပဲ


Photobucket

Tuesday, June 17, 2008

Firefox Setup 3.0.exe

Firefox Setup 3.0.exe
ကိုဒေါင်းကြမယ်ဗျို့  စတိုင်လေး ကတော့မိုက်တယ် ကြိုက်ရင်ဒေါင်ထားကြ ဗျို့  ကျွန်တော်တို့ 
လို့ ဒုက္ခမရောက်အောင်တင်ပေးလိုက်တာပါ။ ဒေါင်းလုပ်ယူရန်


Photobucket

Sunday, June 15, 2008

ဒုတိယပိုင်း

အဲ့ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေကို လိုက်နုတ်ဆက်ရတော့တာပေါ့ တစ်အိမ်ဝင်တစ်အိမ်
ထွက်နဲ့ လိုက်နုတ်ဆက်လိုက်တာ လူစုံသလောက်တော့ရှိသွားတယ် နောက်ဆုံး တစ်ယောက်ကျ
န်တာကတော့ ကျွန်တော်တစ်ဖက်သက်ချစ်နေရတဲ့ “နန်း” ပါပဲ သူကိုတော့နောက်ဆုံးဘိတ်အိတ်
နဲ့ လွယ်ဆိုသလိုမျိုး တစ်ဝကြီးနုတ်ဆက်ရအောင် ချီတတ်ပါလေတော့တယ်~~~~~~~~~~~

“ဟေ့ နန်း ဘာတွေလုပ်နေလဲ ထ္မင်းစားပြီးပြီလား”
စားပြီးပြီပေါ့ဟနင်မေးတဲ့ အချိန်ကိုလဲ ပြန်ကြည့်အုံး ည ၇ နာရီထိုးနေပြီဘာအရူးထပြီးအခုမှလာ


ပြီးမေးနေရတာလဲ

“ဟာ နင်ကလဲ ငါလဲ နင့်ကိုတွေချင်ဇောနဲ့  အချိန်မကြည့်ပဲ မေးလိုက်မိတာပါဟာ”

“အေးပါ ကျော်လင်းရယ် ငါကလဲ နင့်ကို တမင်သက်သက်နောက်လိုက်တာပါ”

ဒါနဲ့ နင့်ကို ငါပြောစရာရှိလို့ လာခဲ့တာ “နန်း” ရဲ့ 

“ဟ” အထူးအစန်းပါလား မသာကောင်ရဲ့  ဘာများတုံးလုပ်ပါအုံး
ဒီလိုပါဟာ ငါနင့်ကို လာနုတ်ဆက်တာက မနက်ဖန် ငါသင်တန်းသွားရတော့မယ်အဲ့ဒါကြောင့်ပါ

“ဘာသင်တန်းတုံးဟ” နွားကျောင်းသင်တန်းလား
“မနောက်ပါနဲ့  “နန်း” ရယ်ငါအတည်ပြောနေတာမနက်ဖန်သွားရတော့မယ်သင်တန်းကစက်မောင်း
စက်ပြင်ဟ”

ပိုက်ဆံ တစ်သောင်းခွဲလဲရမှာဟ ငါ့အမေလဲ သဘောတူတယ်ဟ “နင်ကော သဘောတူလားဟင်”
“ဟဲ့ မသာကောင်ရဲ့  ငါကနင်ကို ဘာလို့ သဘောမတူရမှာလဲ နင့်အလုပ်နင်လုပ်မဲ့ဟာကို”

“မဟုတ်သေးဘူးလေ “နန်း”ရယ် နည်းနည်းပါးပါးများ စိတ်ပူပြီးတားမလားလို့ ပေါ့ဟ”
သူငယ်ချင်း အ ချင်းချင်းပဲဟာစိတ်တော့ပူတာပေါ့ ဒါပေမဲ့နင်ဘ၀ အတွက် အခွင့်အရေးပဲလေနင်
သွားရမှာပေါ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“နင် ငါ့ကိုစိတ်ပူတယ်ဟုတ်လား”

“အေးလေ ပူတယ် ဘာဖြစ်လဲ”

“ဟာ !!!!!!!!!!!! ဒါဆိုသေချာပြီ”
“ဘာသေချာတာလဲ ကျော်လင်းရဲ့  နင်ပေါက်ကရတွေ လိုက်လျှောက်မတွေနဲ့ နော်”

သေချာပါတယ် “နန်း” ရယ် နင့်ငါ့ကိုမခွဲ နိုင်ဘူး မဟုတ်လား

“လဲသေလိုက်ပါလားကောင်စုတ်ရဲ့  နင့်ကို ငါကဘာလို့ မခွဲနိုင်ရမှာလဲ ငါကဘောဒါအကန့် နဲ့ 
ပဲ စိတ်ပူတာ နင့်ကို ငါမခွဲနိုင်လောက်တဲ့ အထိ ငါ့မှာ မဖြစ်နိုင်ဘူး ငါ့မှာ ငါ့ချစ်သူကလွဲပြီး ဘယ်
သူကိုမှ မခွဲ နိုင်ဘူးဆိုတာ မရှိဘူး ”

“ဘာ”

“နင့်မှာချစ်သူရှိတယ် ဟုတ်လား နန်း ”

“အေးနင်သိအောင် ငါပြောလိုက်မယ် ငါ့မှာချစ်သူရှိတယ် ငါနဲ့ ငါ့ချစ်သူမကြာခင်လက်ထပ်တော့
မှာ ငါတို့ မင်္ဂလာဆောင်ကြရင်လဲ ခွင့်ယူပြီးပြန်လာခဲ့အုံးပေါ့”

“တော်ပါတော့ “နန်း” ရယ် ဆက်မကြားပါရစေနဲ့ တော့ ငါ့ကိုပြန်ခွင့်ပြုပါတော့ဟာ”
ကံမကုန်ရင်တော့ ငါတို့ ပြန်ဆုံကြတာပေါ့ဟာ”

“အေးလေး ငါလဲ ဘာရယ်မဟုတ်ပါဘူးနင်သိရအောင်ပြောပြလိုက်တာပါ နင်လဲ နင့်ဘ၀အတွက်
ကြိုးစားပေါ့”

“အိုကေလေ “နန်း” နင့်ကို ငါတခါတည်းနုတ်ဆက်ခဲ့ပါတယ်ဟာ နင်တို့ မင်္ဂလာဆောင်ကြရင် ငါ
မလာနိုင်ရင်ခွင့်လွတ်ပါဟာ”

“အေးပါဟယ် နောက်တော့ပြန်တွေ့ ကြတာပေါ့”
----------------------------------------xxxxxxxxxxxxxxxx-----------------------------------
နောက်နေ့ မနက်ရောက်တော့ သင်တန်းသွားရပါပြီ


“ဟဲ့သား ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ သင်တန်းသွားရအုံးမယ်မဟုတ်လား”

တော်သေးတာပေါ့ အမေနိုးပေလို့ ဘယ်အချိန်တောင်ထိုးကုန်ပြီလဲ အမေ

“ဘယ် အချိန်ရှိပြီလဲ မလုပ်နဲ့ ဟိုမှာ စခန်းမူးလှမ်းခေါ်နေပြီ သွားတွေ့ လိုက်အုံး”

“ဟုတ်လား အမေ ဒါဆိုသားသွားတွေ့ မှဖြစ်မှာပေါ့”

“ထထ မြန်မြန်လုပ်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်အုံး”

“ဟုတ်ကဲ့ အမေ”

အဲ့ဒါနဲ့ မျက်နှာသစ်သွားတိုက်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်တယ်

“အေး”

“ကျော်လင်း ရောက်ပြီလား ဒီနေ့  (၁း၀၀) နာရီမှာ စပြီး ခရီးထွက်ရမယ် လိုအပ်မဲ့ ပစ္စည်းတွေ
သွားယူလိုက်တော့”

“ဟုတ်ကဲ့ ဆရာ ကျွန်တော် အဆင်သင့် ထဲ့ထားပြီးပါပြီ”

“ရော ဒီမှာပိုက်ဆံ တစ်သောင်းခွဲ မင်းသွားရမှာက မိတ္ထီလာ စခန်းနံပတ် (၂၅) အဲ့ဒိရောက်ရင် အခု
ငါစာတစ်ဆောင်ထုတ်ပေးလိုက်မယ် အဲ့ဒိစာကိုပြလိုက် အဲ့ဒါဆို သူတို့ မင်းကို ဆက်လုပ်သွားပေး
လိုက်မယ်”
“ မရှင်းတာရှိလား”

“မရှိပါဘူးဆရာ”

“အေးအေး အဲ့ဒါဆိုသွာတော့”

“ကောင်းပါပြီဆရာ ကျွန်တော့ကို သွားခွင့်ပြုပါအုံး”
“အေး အေး”
----------------------------------------xxxxxxxxxxxxxxxxxxxxx------------------------------
နာရီကြည့်လိုက်တော့ (၁၂း၀၀) ထိုးတော့မယ် အိမ်ကို အမြန်ပြေးရတော့တာပေါ့

“အမေ အမေ”
“အေးသား အမေဒီမှာ ငါသားသွားရင်ထဲ့သွားဖို့  ပုဇွန်ခြောက်ကြော်လေးကြော်ပေးနေတာတာ”

“ကျေးဇူးတင်ပါတယ် အမေ”
“သားတစ်နာရီထိုးတာနဲ့ ထွက်ရမယ် အဲ့ဒါ အခုပစ္စည်းတွေလာယူတာ အမေ”
ဒီမှာရော အမေ ပိုက်ဆံ တစ်သောင်းခွဲ သားငါးထောင်လောက်ပြန်ယူသွားမယ်နော်

“အကုန်ယူသွားပါသားရယ် ငါ့သားပိုက်ဆံ အမေ မသုံး ရက်ပါဘူး”

“ဒီလိုတော့ ဘယ်ဟုတ်မလဲ အမေရာ အမေတစ်ယောက်တည်းနေခဲ့ရမှာ ပိုက်ဆံရှိမှဖြစ်မှာပေါ့
ယူထားလိုက်ပါ အမေ ရာ သားမရှိတုံး အမေ့ ကျမ္မာရေးကိုလဲ ဂရုစိုက်အုံ”

ဇတ်သိမ်းပိုင်း သည်းခံပြီး စောင့်ပေးကြပါရန်မတ္တာရပ်ခံ အပ်ပါသည်။

Photobucket
 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ